နေပြည်တော် အောက်တိုဘာ ၁၃

နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ်      ဗိုလ်လောင်း သင်တန်း       အမှတ်စဉ်  (၆၅) စစ်လက်ရုံး        ရွေးချယ်ပွဲသို့ ဆက်လက်တက်ရောက်    စိစစ် ရွေးချယ်သည်။     

အဆိုပါ  စစ်လက်ရုံးရွေးချယ် ပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး    (ကြည်း၊  ရေ၊ လေ)       ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊       ကာကွယ်ရေး ဦးစီးချုပ်(ရေ)       ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး  ထွန်းအောင်၊ ကာကွယ်ရေး      ဦးစီးချုပ်ရုံးမှ တပ်မတော်       အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း      စစ်ဌာနချုပ် တိုင်းမှူး      ဗိုလ်ချုပ်ကိုကိုဦး၊ စစ်တက္ကသိုလ်  ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး       ဗိုလ်လောင်းများအား တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာဘာသာရပ် အလိုက်   ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှု များအပေါ်မူတည်၍   သင့်လျော် သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)       စစ်လက်ရုံးအသီးသီး အတွက်     စိစစ်ရွေးချယ်ပေးခဲ့ကြ သည်။

ရင်းရင်းနှီးနှီး နှုတ်ဆက်

မွန်းလွဲပိုင်းတွင်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်နှင့်  အဖွဲ့ဝင်များသည်  ဘုရင့် နောင်တပ်ရင်း     ဗိုလ်လောင်း စားရိပ်သာ၌            သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ် စာ    အတူတကွသုံးဆောင်ကြပြီး ဗိုလ်လောင်းများအား     ရင်းရင်း နှီးနှီး       လိုက်လံနှုတ်ဆက်၍ အားပေးစကား        ပြောကြား သည်။ 

ညှိနှိုင်းဆောင်ရွက်

ယင်းနောက်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်နှင့်        အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ        နယ်မြေခံ တပ်မတော်ဆေးရုံသို့   ရောက်ရှိ ကြပြီး   နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်   တရားဥပဒေစိုးမိုး  ရေး  တာဝန်များကို  ထမ်းဆောင် စဉ်      ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊      ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား တစ်ဦး ချင်း၏     ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသ         ပေးထားမှုများကို   ရင်းရင်းနှီးနှီး   မေးမြန်းအားပေး စကားပြောကြားကာ   ၎င်းတို့၏ တင်ပြချက်များအပေါ်   လိုအပ် သည်များ       ညှိနှိုင်းဆောင်ရွက် ပေးပြီး   စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ကြည့်ရှုစစ်ဆေး

ထို့နောက်    ဆေးရုံအတွင်း အသစ်ဆောက်လုပ်လျက်ရှိသည့် ဓာတ်ရောင်ခြည်နှင့်     ကင်ဆာ ရောဂါကုသဆောင် တည်ဆောက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး     တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်   ရေ၊  မီး စနစ်များကို    စနစ်တကျထည့် သွင်း တွက်ချက်တည်ဆောက်ရန်၊ လူနာများအား      လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး     သတ်မှတ် စံနှုန်းများနှင့်အညီ တည်ဆောက် ရန်၊     သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်     တည် ဆောက်ရန်နှင့်    အခြားလိုအပ် သည်များ မှာကြားသည်။

ကန်တော်ကြီးဥယျာဉ်ကြည့်ရှုစစ်ဆေး

ဆက်လက်၍       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး    ဦးစီး ချုပ်နှင့်  အဖွဲ့ဝင်များသည်  အမျိုး သား      ကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြပြီး    ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်မှု   အခြေအနေများ၊ ဥယျာဉ်    စိမ်းလန်းစိုပြည်ရေးနှင့် သစ်ပင်ပန်းမန်များကို ထိန်းသိမ်း စောင့်ရှောက်ထားရှိမှု အခြေအနေ များကို    မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။    

  သတင်းစဉ်