နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၈ မတ်

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့် ပထမ ရက်သတ္တပတ်အတွင်း ပုံမှန်အခြေအနေရှိခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဆန္ဒပြမှုများရှိသဖြင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ မြို့နယ် ၂၀၀ ကျော်တွင် ဆန္ဒပြမှုများရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အကြမ်းဖက်လုပ်ရပ်များ စတင်လာသည်ကို တွေ့ရပြီး လုံခြုံရေးဝန်ထမ်းများအားဓား၊ ဂျင်ကလိ၊ လေးခွ၊ အုန်းသီး၊ တူမီး၊ လုပ်သေနတ် တို့နှင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မီးရှို့ဖျက်ဆီးခြင်း၊ လုပ်ရပ်များကိုလည်း ဆောင်ရွက်လာကြောင်း၊ ဆူပူဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့သော်လည်း တချို့ကို စစ်ဆေးပြီး ပြန်လွှတ်ရန် စီစဉ်နေကြောင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် အသက်သာဆုံးနှင့် အညင်သာဆုံး ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှုအား ဥပဒေ နှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ရာ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ငါးဦး သေဆုံးခဲ့ပြီး အမျိုးသား ၈၅ ဦး၊ အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ သေဆုံးမှုတွင် မန္တလေးမှ အမျိုးသမီး တစ်ဦးနှင့် နေပြည်တော်မှ အမျိုးသမီးတစ်ဦးတို့မှာ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုသည့် လက်နက်ကြောင့် မဟုတ်ဘဲ ပြင်ပမှပစ်ခတ်သည့် လက်နက်တစ်ခုကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း။

စိစစ်ဖော်ထုတ်နေ CDM လှုပ်ရှားမှုမှာ ရုတ်တရက်ပေါ်ပေါက်လာ ခြင်းမဟုတ်ဘဲ ယခင်ကတည်းက ကြိုတင်စီစဉ်ထားသည်ဟု ယူဆကြောင်း၊ CDM လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်နေသည်ကို တွေ့ရသဖြင့် ငွေကြေးစီးဝင်မှုအရင်းအမြစ်များကို စိစစ်ဖော်ထုတ်နေကြောင်း၊ ယမန်နေ့ကလည်း သတင်းထုတ်ပြန်ထားကြောင်း၊ နိုင်ငံတကာတွင် ဒီမိုကရေစီစနစ်အရ ဆန္ဒပြမှုများရှိသော်လည်း အစိုးရနှင့် အုပ်ချုပ်မှုအဖွဲ့အစည်းများကိုသာ ဆန္ဒပြ ခြင်းဖြစ်ပြီး စီးပွားရေးထိခိုက်အောင် လုပ်ဆောင်ခြင်း မရှိပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံတွင် စက်ရုံ၊အလုပ်ရုံများ၊ ခရီးသွားလာရေးလုပ်ငန်းများ၊ ငွေကြေးလည်ပတ်မှုများ၊ ကုန်ထုတ်လုပ်မှုများ ထိခိုက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း။

ယင်းထက်ဆိုးရွားသည်မှာ ဆရာဝန်များ အနေဖြင့် ဆေးရုံများပိတ်ထားခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းမှာ ရန်သူ၊ မိတ်ဆွေ မခွဲဘဲ ကုသပေးရမည်ဖြစ်ပြီး ယင်းကို မျက်ကွယ်ပြု၍ ဆောင်ရွက်နေကြကြောင်း၊ ယင်းသို့ဆောင်ရွက်မှုမှာ ဆရာဝန်များအနေဖြင့် ယင်းတို့၏ ကတိသစ္စာ အဓိဋ္ဌာန်ကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် ပြည်သူအပေါ် ယင်းသို့ မဆောင်ရွက်သင့်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများမြန်မြန်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေကြောင်းခရီးများမှာ ပုံမှန်ပြေးဆွဲနေပြီး မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်- မန္တလေး မီးရထားပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များ အနေဖြင့် အနည်းငယ်သာ ပြန်လည်ဖွင့်လှစ်သည်ကို တွေ့ရှိရကြောင်း၊ ပုဂ္ဂလိကဘဏ်အားလုံး အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဘဏ်များအတွက်လုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အများ ပြည်သူအကျိုးအတွက် ဘဏ်များဖွင့်လှစ်ရန် လိုအပ်ကြောင်း။

ဒီမိုကရေစီစနစ်အရ နိုင်ငံတကာတွင် ဆန္ဒပြမှုများရှိပါကြောင်း၊ ဆန္ဒပြမှုမဟုတ်ဘဲ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်လာပါက ဖြိုခွင်းနှိမ်နင်းမှုများ ရှိပါကြောင်း၊ မိမိတို့အနေဖြင့် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ သို့သော်လည်း မီဒီယာများက ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ပြမှုမရှိသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေမှု အပြည့်အစုံကိုလည်း ဖော်ပြခြင်း မရှိဘဲ ၎င်းတို့လိုအပ်သည့်အပိုင်းများသာ ရွေးချယ်ရိုက်ကူး၍ ထပ်ကာထပ်ကာထုတ်လွှင့်ပြီး ပြည်သူများ နှင့် နိုင်ငံတကာမှ အမြင်မှားစေရန် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း။

စစ်ဆေးတွေ့ရှိ ပြီးခဲ့သည့်အစိုးရ၏ ပြည်ပစီးပွားရေးအကြံပေးဖြစ်သူ SEAN TURNELL မှာ မြန်မာနိုင်ငံမှတိမ်းရှောင်ရန် ဆောင်ရွက်နေမှုကို အချိန်မီတားဆီးနိုင်ခဲ့ပြီး ၎င်းထံ၌ တိုင်းပြည်၏လျှို့ဝှက်အဆင့်ရှိ စီးပွားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များကို စစ်ဆေး တွေ့ရှိရကြောင်း၊ ၎င်းနှင့်ဆက်စပ်၍ ပြည်ထောင်စု အစိုးရအဆင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရ အဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအချို့သည် ငွေကြေး သုံးစွဲမှုများတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ နှင့် မညီညွတ်ဘဲ သုံးစွဲထားသည်ကို တွေ့ရသည့် အတွက် လာရောက်ရှင်းလင်းရန် ခေါ်ယူချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ယင်းမှာ ၎င်းတို့၏လုပ်ရပ် မမှန်ကန်၍ဖြစ်ကြောင်း၊ အလားတူ ယခင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုနှင့်အထက် အဆင့်ရှိသူများ၏ ဆောင်ရွက်မှုများကို စိစစ်ဆောင်ရွက်ရာတွင် အဂတိ လိုက်စားမှုများရှိသည့်အတွက် အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လက်ရှိအခြေအနေတွင် မြို့နယ် ၁၈ မြို့နယ်၌ စိစစ်ဆောင်ရွက်ခဲ့ရာ မှတ်ပုံတင်မရှိဘဲ မဲပေးသည့် လူဦးရေ ၃၅၀၇၇၀ ရှိသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် တွင် စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဆိုသည့် အချက်ပါဝင်ကြောင်း၊ သို့ဖြစ်၍ အသက်ပြည့်ပြီး မဲပေးခွင့်ရှိသူတိုင်း ဥပဒေနှင့်အညီ မဲပေးနိုင်ရေး အတွက် မှတ်ပုံတင်(သို့မဟုတ်) သက်သေခံကတ်ပြား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသက်ပြည့်သူတိုင်း မဲပေးနိုင်ရေး အထူးစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သက်သေခံ ကတ်ပြားများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း NCA တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များအနေဖြင့် ယင်းအချက်ကို ဦးစားပေးလုပ်ငန်းစဉ်ထဲတွင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ဝင်ရောက်ဖြေရှင်းပေးခဲ့ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်မှစ၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေရေး အတွက် ဝင်ရောက်ဖြေရှင်းပေးခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံသည် မိမိတို့ထက် လူဦးရေများပြားသည့် နိုင်ငံများအကြားတွင် တည်ရှိသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အင်အားရှိရန်နှင့် အသင့်ဖြစ်အောင် ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်တည်ငြိမ်ငြိမ် ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း၊ သတ်မှတ်ထားသည့် နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပါ ပုဒ်မ ၃၈၆ အရ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

သတင်းစဉ်