နေပြည်တော် ဒီဇင်ဘာ ၁၉

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်ကြသည်။

 

နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အမျိုး သား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ အမျိုးသမီး ဘော်လီဘောဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်း၊ အမျိုးသားဘော်လီဘော ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြရာ အမျိုးသမီးပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ပြည်ထဲရေးဝန်ကြီး ဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။ 

 

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆု တံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

 

အလားတူ ဝန်ကြီးဌာနအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (A) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့် ဒေါက်တာဘရွှေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ 

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ အမျိုးသား ပိုက်ကျော်ခြင်း ၄ ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို ၂ ပွဲ ၁ ပွဲ ဖြင့် အနိုင်ရရှိသည်။ 

 

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က အမျိုးသား ၂ ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေက အမျိုးသား ၃ ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဝဏ္ဏမောင်လွင်က အမျိုးသား ၄ ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အမျိုးသား၊ အမျိုးသမီး အသက် (၂၃) နှစ်အောက် ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် ဒေါက်တာမှုထန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ လူမှုရေးရာဝန်ကြီးများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ တာ ဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများတက် ရောက်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ  ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအနက်မှ အမျိုးသား (၆၅) ကီလိုတန်းဆန်းဆို ပြိုင်ပွဲတွင် ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသား (၇၀) ကီလိုတန်းဆန်းဆို ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြရာ အမျိုးသား (၆၅) ကီလိုတန်းဆန်းဆို ပြိုင်ပွဲတွင် ကရင်ပြည်နယ်က စစ်ကိုင်းတိုင်းဒေသကြီးကိုလည်ကောင်း၊ အမျိုးသား (၇၀) ကီလိုတန်းဆန်းဆို ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်က ကရင်ပြည်နယ်ကိုလည်းကောင်း အနိုင်ရရှိသည်။

 

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က အမျိုးသမီး (ကျန့်စု+ချန်းစု) ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အမျိုးသား (နန်းသောင်း+နန်းကွန့်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသမီး( နန်းသောင်း+နန်းကွန့်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် တတိယဆုရရှိသည့် ချင်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဦးနေလင်းအောင်က အမျိုးသား (သွှေ့လျန့်)  ပြိုင်ပွဲတွင် ပထမဆုရရှိသည့်  မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမျိုးသမီး (သွှေ့လျန့်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့်  မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမျိုးသမီး (၄၈) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အမျိုးသမီး (၅၂) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အမျိုးသမီး (၆၀) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ချင်းပြည်နယ်၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပူးတွဲ တတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက အမျိုးသား (၄၈) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသား (၅၂) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်က အမျိုးသား (၅၆) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား (၆၀) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က အမျိုးသား (၆၅) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ကရင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား (၇၀) ကီလိုတန်း ဆန်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

အလားတူ ဝန်ကြီးဌာနအဆင့် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ရုံ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြရာ သာမန်ပွဲကစားချိန် မိနစ် ၄၀ နှင့် အချိန်ပို ၁၀ မိနစ် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်သဖြင့် ပင်နယ်တီအဆုံးအဖြတ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

 

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းကိုလည်းကောင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းကိုလည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပထမဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌန အသင်းကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များ ပေးအပ်ချီးမြှင့်ကြသည်။ 

 

သတင်းစဉ်