နေပြည်တော် ဒီဇင်ဘာ ၁၂

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူမှုရေးရာဝန်ကြီးများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံလက် ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသမီး (၅၂) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးအရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အမျိုးသမီး (၅၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အမျိုးသမီး (၅၄) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်၊ ပူးတွဲ တတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမျိုးသမီး (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ချင်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက အမျိုးသား (၅၁) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသား (၅၄) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား (၆၃ ဒသမ ၅) ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အမျိုးသား (၇၁) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယ ဆုရရှိသည့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အသက် (၂၁) အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူမှုရေးရာ ဝန်ကြီးများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အမှုဆောင် ဒေါ်သန်းသန်း က အမျိုးသား မီတာ (၈၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အမှုဆောင် ဒေါ်ဂျနီဖာတင်လေးက အမျိုးသမီး မီတာ (၈၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ချင်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်နှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အမျိုးသမီး မီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုနှင့်ဒုတိယ ဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ရန်ကုန်တိုင်း ပြေးခုန်ပစ်ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာထက်ထက်အောင်က အမျိုးသမီး မီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးအရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသားသံ လုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က အမျိုးသား မီတာ (၁၁၀) တန်းကျော်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အမျိုးသမီး မီတာ (၁၀၀) တန်းကျော်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီး မြှင့်ကြသည်။

 

ယင်းနောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမျိုးသား မီတာ (၄၀၀) တန်းကျော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်နှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အမျိုးသား၊ အမျိုးသမီး အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများတက် ရောက်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပူးတွဲ တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကိုလည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီးက ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းကိုလည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို TC-1 - တိုက်ကွမ်ဒိုရုံ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမျိုးသမီးတစ်ဦးချင်း ကကွက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အမျိုးသားတစ်ဦးချင်းကကွက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံအဖွဲ့ဝင် ဦးမျိုးချစ်က အမျိုးသား၊ အမျိုးသမီးအတွဲလိုက် ကကွက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမျိုးသမီးအသင်းလိုက် ကကွက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကယားပြည်နယ်၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသားအသင်းလိုက် ကကွက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်လာဘ်ကောင် (Mascot) အရုပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

 

သတင်းစဉ်