နေပြည်တော် နိုဝင်ဘာ ၁
ယခုသင်တန်းကို နိုင်ငံတော်၏ ဈေးကွက်စီးပွားရေး စနစ်ကို အခြေပြု၍ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည့် အရည် အချင်းပြည့်ဝသည့် စာရင်းပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဋ္ဌ ဉီးတင်ဉီးက ပြောကြားသည်။
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ဒီပလိုမာစာရင်းကိုင် (Diploma In Accountancy - DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၂ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းပညာရှင်များသည် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်းအနေဖြင့် စာရင်းပညာရပ်ဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပြီး အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင် များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဒီပလိုမာစာရင်းကိုင်သင်တန်း ပြီးမြောက် အောင်မြင် ပါက စာရင်းပညာကျွမ်းကျင်သူများဖြစ်စေမည်ဖြစ်ပြီး စာရင်းပညာရှင်ဖြစ်စေရန်အတွက် ပထမခြေလှမ်းဖြစ်သည့် အခြေခံသင်တန်းတစ်ခုဖြစ်ပါကြောင်း။
နေပြည်တော်သင်တန်းကျောင်းတွင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် မှစတင်ဖွင့်လှစ်၍ ယခုသင်တန်းသည် (၁၃) ကြိမ်မြောက် သင်တန်းဖြစ်ပြီး ရန်ကုန်သင်တန်းကျောင်းနှင့် တစ် ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစာရင်းပညာရှင်များနှင့် ရင်ဘောင် တန်းဆောင်ရွက်နိုင်ရန်အတွက် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ကုန်သွယ်မှု စနစ်များ၊ စာရင်းပညာရပ်များနှင့် စီးပွားရေးဆိုင်ရာဥပဒေများကို သိရှိနားလည်ပြီး ကျွမ်းကျင် တတ်မြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်း၏ရည်ရွယ်ချက်နှင့် သင်တန်းမှသင်ကြားပို့ချမည့် ဘာသာရပ်များ၏တန်ဖိုးကို သိရှိနားလည်ပြီး အလေးအနက် ထား လေ့လာဆည်းပူးလျက် နိုင်ငံတော်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အရည် အချင်းပြည့်ဝသော စာရင်းပညာရှင်များဖြစ်စေရန် ကြိုးစားကြစေလိုပါကြောင်း လမ်းညွှန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းသား ၂၀၀၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား ၁၁၈ ဦး၊ စုစုပေါင်း သင်တန်းသား ၃၁၈ ဦး တက်ရောက်ကြမည်ဖြစ်ပြီး ဘောဂဗေဒ၊ စီးပွားရေးသင်္ချာနှင့် စာရင်း အင်းပညာ၊ ကူးသန်းရောင်းဝယ်ရေးအထွေထွေဗဟုသုတ၊ စာရင်းရေးစာရင်းကိုင်ပညာနှင့် စီးပွားရေးဥပဒေဘာသာရပ်များဖြင့် ၁၀ လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်