ပဲခူး၊ ၁၉ ဇန်နဝါရီ

နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူငွေလာရောက်လှူဒါန်းခြင်း အခမ်းအ‌နားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်းနှင့် အလှူရှင်မိသားစုများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်းမှုအပေါ် ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် အလှူရှင် ပဲခူးမြို့ ဥဿာမြို့သစ် (၇)ရပ်ကွက် သမိန်ဗရမ်းလမ်းနေ ဦးသိန်းအောင်-ဒေါ်အေးညွန့် သမီး မသူဇာအောင် မိသားစုက အလှူငွေကျပ်သိန်း(၄၀၀)အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ  ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)