နေပြည်တော် နိုဝင်ဘာ ၄
နိုင်ငံတော်မှ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၂-၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်း အဖွဲ့ဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေး မှာကြားသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး ရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အထောက်အကူပြုအဖွဲ့ (၄) ဖွဲ့မှ အဖွဲ့အလိုက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ၊ သတ်မှတ်ချက်များကို တင်ပြအတည်ပြုချက်ရယူရန်နှင့် အဖွဲ့(၄) ဖွဲ့ အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မြန်ဆန်စွာ ညှိနှိုင်းဆောင်ရွက်သွား ရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေမူဝါဒနှင့် ချေးငွေ လုပ်ငန်းစဉ်များချမှတ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် မူဝါဒ၊ လုပ်ငန်းစဉ်၊ ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကိုလည်းကောင်း၊ ကျန်အထောက် အကူပြုအဖွဲ့များမှ ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် လုပ်ငန်းစဉ်နှင့် သတ်မှတ် ချက်များကိုလည်းကောင်း တင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြရာ လုပ်ငန်းအဖွဲ့ ဥက္ကဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် (UMFCCI) နှင့် ဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်