အရာတော်  ၁၁ ဧပြီ

 

နိုင်ငံတော်မှထောက်ပံ့ကူညီသည့် စားသောက်ကုန်(၅)မျိုး ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ လက်ဝယ်ရောက်ရှိရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီက သီရိရတနာခန်းမတွင် ဆောင်ရွက်လျက်ရှိသည်။

 

စားသောက်ကုန်(၅)မျိုး ရောက်ရှိလာသဖြင့် ရက်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၄၂)အုပ်စု၊ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၈၃၃၇)စုအတွက် လက်ဝယ်အမြန်ရောက်ရှိရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ လေ့ကျင့်ရေးတပ်မှ တပ်မတော်အရာရှိနှင့် စစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြတ်ပညာ ပညာရေးကူညီမှုအသင်းတို့က ဆောင်ရွက်လျက်ရှိပြီး အဆိုပါပစ္စည်းများကို ဧပြီ ၁၃ ရက်တွင် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး ပြန်/ဆက်)