၁ ဩဂုတ်
နိုင်ငံတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဟာ အင်မတန်အရေးကြီးပါတယ်။ နိုင်ငံတော်လို့ဆိုရာမှာ အစိုးရက ဦးဆောင်ရတဲ့၊ နိုင်ငံကိုလည်ပတ်စေတဲ့ သက်ရှိ၊ သက်မဲ့ ယန္တရားကြီးတစ်ခုလုံးကို ထည့်သွင်း အဓိပ္ပာယ် ဖော်ပါတယ်။ အားကိုးလောက်တဲ့ နိုင်ငံတော်ပေါ်ထွန်းဖို့၊ အားကိုးလောက်တဲ့ ပြည်သူတွေ ရှိဖို့လိုပါတယ်။
Covid ရောဂါတစ်ကမ္ဘာလုံး ပျံ့နှံ့နေချိန်မှာ နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးနဲ့ ဒီပြဿနာကို ကိုင်တွယ်ကြပါတယ်။ ကျွန်မတို့က ပြည်သူသာအဓိကဆိုတဲ့ ယုံကြည်မှုအပေါ် ခိုင်မာစွာရပ်တည်ပြီး၊ ပြည်သူကို တန်ဖိုးထားသလို၊ ပြည်သူ့အားကိုယူကာ၊ တစ်ဦးအတွက်အားလုံး၊ အားလုံးအတွက်တစ်ဦး စိတ်ဓာတ်ကို တည်ဆောက်လျက်၊ ရောဂါအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ ဆောင်ရွက်နေပါတယ်။
ဆောင်ရွက်ချက်တစ်ရပ်ကတော့ ပြည်ပရောက်နေတဲ့ ပြည်သူတွေ ပြန်လာနိုင်ရေးဖြစ်ပြီး ပြည်ပနိုင်ငံပြီး အချို့မှာ ရောဂါပြန့်ပွားမှုနှုန်း မြင့်မားနေတာကြောင့်၊ ပြန်လာသူများထံမှ ရောဂါမပြန့်ပွားစေဖို့အတွက်လည်း အထူးဂရုစိုက်ပြီး ပြင်ဆင်ထားရပါတယ်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁၃-၆-၂၀၂၀ ရက်နေ့တွင် ဖေ့စ်ဘွတ်၌ ရေးသားဖော်ပြချက်မှ ကောက်နုတ်ချက်)