နေပြည်တော် ဧပြီ ၁ 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို မတ်လ ၃၀ ရက် က  နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များက သင်တန်းထူးချွန်ဆု ရရှိသူများ၊ ရုံးတက်မှန်ဆုရရှိသူများနှင့် အားကစားထူးချွန် ဆုရရှိသူများကို ဆုများပေးအပ်ဆု ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက ဝန်ထမ်း ၁၁၉ ဦး အတွက် ရုံးဝတ်စုံ (အမျိုးသားတိုက်ပုံ၊ အမျိုးသမီးကုတ်အင်္ကျီ) များကို ထောက်ပံ့ပေးအပ်သည်။ 

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၂ ခုနှစ်အတွင်း ဖြတ်သန်း လာသည့် လုပ်ငန်းဆောင်ရွက်မှု Video Clip ကိုပြသခဲ့သည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၁၂ နှစ်မြောက် ရုံး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများကို လက်ကိုင်ဖုန်းများနှင့် အခြားသောဆုမဲ များကံစမ်းမဲဖောက် ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ဝန်ထမ်းများနှင့်အတူ ညနေစာ သုံးဆောင်ခဲ့ ကြပြီး ဝါသနာရှင် ဝန်ထမ်းများ၏ သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်