နေပြည်တော် ဇွန် ၂၅
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ရုံးပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြ သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခရေပင်နှင့် ကုက္ကိုပင်များကို စိုက်ပျိုးခဲ့ကြပြီး ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ၌ လမ်းဘေးဝဲယာများတွင် အမြဲတမ်းစိမ်းလန်းစိုပြေစေရေး အတွက် အရိပ်ရအပင်များဖြစ်ကြသော ကုက္ကို၊ ကံ့ကော်၊ စကား ဝါ၊ သင်းဝင်၊ ပုန်းညက်၊ ပိတောက်၊ ခရေ၊ စိန်ပန်းဝါ၊ မဟော်ဂနီ နှင့် ငုဝါ စသည့် အပင်ပေါင်း ၃၁၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


