နေပြည်တော် ၃  ဇူလိုင် 
    

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ရုံးပတ်ဝန်းကျင်တွင်ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
    

ရှေးဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံး အဖွဲ့ဝင်များက ရတနာတန်းဝင်ကျွန်းပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။
    

ထို့နောက် အရာထမ်း၊ အမှုထမ်းများက ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ဖွားဖက်၊ ပိတောက်၊ ငုနှင့်ငုစပ်ပင်များကို စုပေါင်းစိုက်ပျိုးကြရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလှည့်လည်ကြည့်ရှု အားပေးကြသည်။
    

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ၂၀၁၉ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတွင် ပျိုးပင်ပေါင်း ၅၂၅ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်