ရန်ကုန် ဒီဇင်ဘာ ၃
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ ၁၃၈၃-၈၄ ခု၊ ပညာသင်နှစ် ကျောင်းဖွင့်ရက်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ၁၃၈၃ ခုနှစ်၊ နတ်တော် လပြည့်ကျော်(၄)ရက်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားရဟန်းတော်များ အဆောင်ပြန်ဝင်ရက်ကို ၁၃၈၃-ခုနှစ်၊ နတ်တော်လပြည့် ကျော်(၁၊ ၂၊ ၃)ရက်၊ ဒီဇင်ဘာ ၁၉ ၊ ၂၀ ၊ ၂၁ ရက်တို့ကို သတ်မှတ်ထားပါကြောင်း သာသနာ တော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)


