မန္တလေး နိုဝင်ဘာ ၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ ၁၃၇၉-၈၀ ခု၊ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မပါရဂူ (Ph.D.)ဘွဲ့ (၁)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ(M.A)ဘွဲ့ (၁၆)ပါးနှင့် သာသနတက္က သီလဓမ္မာ စရိယ (B.A)ဘွဲ့ (၁၂၁)ပါး၊ စုစုပေါင်း (၁၃၈)ပါးတို့အား ဘွဲ့ဆက်ကပ်မည့်(၂၆)ကြိမ် မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်၊ နိုဝင်ဘာ ၂၈ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မဟာဘွဲ့ နှင်း ဓမ္မာရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များသည် ဘွဲ့နှင်း သဘင်သို့ နိုဝင်ဘာ ၂၆ ရက် နောက်ဆုံးထား၍ အချိန်မီ ကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာ တော်များအား သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထား ပါကြောင်း သတင်းရရှိသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန