နေပြည်တော် ၂၅  မတ်  

 


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Pol. Lt. Gen. Vilay Larkhamfong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ် ဖြတ်ကျော်မှုခင်းများ၊ တရားမဝင် လက်နက်ရောင်းဝယ်မှု၊  မူးယစ်ဆေးဝါးရောင်းဝယ်မှု နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေ စိုးမိုးရေး စသည့် လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများအကြား မြန်မာနှင့်လာအို ဘာသာစကားများ သင်ကြားရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ဂိတ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ ကျိုင်းလပ် နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်အဖြစ် ဖွင့်လှစ် နိုင်ရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


(သတင်းစဉ်)

 

ိိ