နေပြည်တော် ၃ စက်တင်ဘာ 


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့သည် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။
    

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ ဇနီးတို့သည် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတ၏ ဇနီးက လက်ဖက်ရည်ဖြင့် တည်ခင်းဧည်ခံသည်။ 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ချိုချိုနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်သမ္မတ၏ ဇနီးက ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ ဇနီးအား အမှတ်တရလက်ဆောင်ပေးအပ်သည်။


တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်ခိုင်နွယ်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်လွင်လွင်မှန်၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ဇနီး ဒေါက်တာ နန်းမြတ်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၏ဇနီးနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။ 


သတင်းစဉ်