မိုးညှင်း  ၁၇    ဧပြီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၁/၂၀၂၀ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အကျဉ်းဦးစီးဌာန မိုးညှင်း ဗဟိုအကျဉ်းထောင်၌ ကျင်းပသည်။

 

54

 

လွတ်ငြိမ်းခွင့်ပေးသည့် အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးခင်မောင်လေးနှင့် တာဝန်ရှိသူများက  ဆုံးမဩဝါဒစကားများ အသီးသီး ပြောကြားခဲ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများအား နှစ်သိမ့်အားပေးခဲ့ကြသည်။

 

ယနေ့နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မိုးညှင်းအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၃၆၁ ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့သဖြင့် အဆိုပါ အကျဉ်းသား/သူများ နေရပ်ပြန် နိုင်ရေးအတွက် ကိုယ်အပူချိန် စစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို တပ်မတော်ဆေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

 

32

 

ထို့အတူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများ‌ နေရပ်ပြန်နိုင်ရေးအတွက် မိုးညှင်းအကျဉ်းဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် မီးရထားဂိတ်များ၊ မော်တော်ယာဉ်ဂိတ်များကို စနစ်တကျ ပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)