ထားဝယ်  ၁၇ ဧပြီ

 

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အမျိုးသား ၁၄၀ နှင့်အမျိုးသမီး ၅ ဦးတို့အား ယနေ့နံနက်ပိုင်းက ထားဝယ် အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။

 

လွတ်ငြိမ်းချမ်းခွင့်ရရှိသော အကျဉ်းသား/သူများအား  အမှတ်(၁၂) ခုတင်(၁၀၀)ဆေးတပ်ဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာခြင်း ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ကိုစနစ်တကျဆောင်ရွက်ပေးပြီး တာဝန်ရှိသူများ က ဆုံးမစကားများ ပြောကြားခဲ့သည်။

 

လွတ်ငြိမ်းခွင့်ရရှိသူများအားလုံးကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် အိမ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                   

( ထားဝယ် ခရိုင်ပြန်/ဆက်)