သထုံ   ၁၇  ဧပြီ

 

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျ ခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၂၄၈၉၆) ဦးအား ဧပြီလ ၁၇ ရက်က လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၉၈ ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

11444217

 

လွတ်ငြိမ်းခွင့် ရရှိသူများအား သထုံအကျဉ်းထောင်တာဝန်ခံ ဦးဝင်းဗိုလ်နှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇောတို့က မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာ ဆက်လက်နေထိုင်ကြရေး အမှာစကားများ ပြောကြားပြီး ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် ဥပဒေများတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါနေ့တွင် လွတ်ငြိမ်းခွင့် ရရှိသူများကိုအမှတ် (၆၀၆)အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်မတော် သူနာပြုတပ်ဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးကြပြီး တာဝန်ရှိသူတို့က လက်သန့်စင် ဆေးရည်၊ နှာခေါင်းစည်း၊ စားသောက်ရိက္ခာ၊ ခရီးစားရိတ် စသည့် လိုအပ်သည့် ထောက်ပံ့မှုများပေးကာ နေရပ်သို့ပြန်နိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ကူညီပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)

 

150717