နေပြည်တော်   ၁၆  ဧပြီ

 

၁၃၈၂ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သည့် ဧပြီ (၁၇) ရက်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရွတ်ပွား ချီးမြှင့်တော်မူမည့် အန္တရာယ်ကင်း ပရိတ်တရားတော်ကို မြန်မာ့ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ ယင်းနေ့ မွန်းလွဲ(၃)နာရီ၊ ညနေ(၄)နာရီနှင့် ညနေ(၅)နာရီ အချိန်တို့တွင် ထုတ်လွှင့်ပေးသွားမည် ဖြစ်သဖြင့်  မိဘပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များ၌ပင် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို အသင့်ပြင်ဆင်ဆောင်ရွက်၍ တရားနာယူနိုင်ပါကြောင်း သိရသည်။

 

(သတင်းစဉ်)