ရန်ကုန် ၁၆ ဇွန်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မိုးကုတ်မြို့ ညောင်သုံးပင်သာမဏေကျော် စာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရသည် ဇွန် ၁၄ ရက်မှ ဇွန် ၁၉ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ရှန်ဟိုင်းမြို့တို့သို့ သာသနာပြု ခရီးကြွရောက် တော်မူရန် ဇွန် ၁၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အောင်သုခ ရွှေပြည်အေး ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စ လိုက်ပါသွားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


