ရန်ကုန် အောက်တိုဘာ ၁၄
နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက်ဦးစီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသမ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီး(၉)ပါး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်အောင်နှင့် ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နင်းဘိုမြို့တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ဆဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ရန် ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြသည်။
သတင်းစဉ်


