စစ်တွေ   ဧပြီ   ၂၀

 

နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင် ပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ (၁)၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်သည်။

 

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက   နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် အခြေ အနေများ၊ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများနှင့်     ပတ်သက် ၍ သက်ဆိုင်ရာ ကဏ္ဍတစ်ခုချင်း အလိုက် ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့် ပတ်သက်၍   ရခိုင်ပြည်နယ်   ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်ဝန်ကြီး ချုပ်သည်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၊ ယခုနှစ်   ဖေဖော်ဝါရီနှင့်   မတ်လ များအတွင်း   ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ကြောင်း   ခရီးစဉ်များ အတွင်း  ရခိုင်ပြည်နယ်   ဖွံ့ဖြိုး တိုးတက်ရေးနှင့်   ပတ်သက်၍ ကဏ္ဍအလိုက်  လမ်းညွှန်မှာကြား ချက်များကို အသေးစိတ်မှာကြားခဲ့ ကြောင်း၊   အဓိကအားဖြင့်  နိုင်ငံ တော်၏ အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့်  စားရေ ရိက္ခာဖူလုံရေးအတွက် သက်ဆိုင် ရာတာဝန်ရှိသူများက    အလေးအနက်ထား လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)