၁၈ ဇူလိုင်

 


ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် Yukiya Amano က ၎င်း၏သက်တမ်းမကုန်ဆုံးမီ လက်ရှိရာထူးမှ နှုတ်ထွက်ရန်စဉ်းစားနေသည်ဟု သိရသည်။

 


Yukiya Amano သည် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)၏ ညွှန်ကြားရေးမှူးချုပ်ရာထူးကို ၂၀ဝ၉ ခုနှစ်တွင် တာဝန်ယူခဲ့ကာ ထိုအဖွဲ့အစည်း၏ အကြီးအကဲအဖြစ်  ပထမဆုံးသော ဂျပန်လူမျိုး ဖြစ်လာခဲ့သည်။

 


Yukiya Amano သည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော တတိယအကြိမ်မြောက်သက်တမ်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 


Yukiya Amano သည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံသို့ အခေါက်ပေါင်းများစွာ ပြန်သွားခဲ့သည့်အတွက် ရာထူးမှဆင်းပေးမည်ဟု ထင်မြင်ယူဆခဲ့ကြကြောင်း သံတမန်သတင်းရပ်ကွက် ကဆိုသည်။

 


ပြီးခဲ့သည့်ဇွန်လအစောပိုင်းက အီရန်နိုင်ငံ၏ နျူကလီးယားလက်နက် အကောင်အထည်ဖော်မှုအပေါ် အဆင့်မြင့်ဘုတ်အဖွဲ့အစည်းအဝေးတွင် Yukiya Amano တက်ရောက်ခြင်းမရှိခဲ့ပေ။

 


ကျန်းမာရေးအကြောင်းပြချက်များဖြင့် လာမည့်နှစ်မတ်လတွင် ရာထူးမှဆင်းပေးရန် စီစဉ်ထားပြီး နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က လာမည့်သီတင်းပတ်အစောပိုင်းတွင် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရန် မျှော်လင့်ကြောင်း ရိုက်တာသတင်းအေဂျင်စီ က ဖော်ပြထားသည်။

 


Yukiya Amano သည် ၂၀၁၁ ခုနှစ် ဖူကူရှီးမား  ဒိုင်အိချိ နျူကလီးယားစက်ရုံ မတော်တဆမှုဖြစ်ပွားပြီးနောက် နျူကလီးယားစက်ရုံများ ဘေးကင်းလုံခြုံရေး တိုးမြှင့်ရန်လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့၏ နျူကလီးယားလက်နက် အကောင်အထည်ဖော်မှုကိစ္စရပ်များနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သည်။

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို