တိုကျို   ဧပြီ   ၆

အမေရိကန်ဦးဆောင်သော  နိုင်ငံတကာ Artemis  မစ်ရှင်၏ အာကာသယာဉ်မှူးများကို တင်ဆောင်ထားသည့်  အိုးရီးယင့်အာကာသယာဉ်သည် လ၏ ဆွဲငင်အားစက်ဝိုင်းထဲသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။  

၎င်းစက်ဝိုင်းအတွင်းသို့ ဝင်ရောက်သည့်အချိန်သည် ဧပြီ ၆ ရက် နံနက် ၄ နာရီ မိနစ် ၄၀ တွင် ဖြစ်ကြောင်း သိရသည်။

လွှတ်တင်

Artemis အစီအစဉ်အရ အမေရိကန် အာကာသ အေဂျင်စီ NASA သည် ၂၀၂၈ ခုနှစ်တွင် အာကာသယာဉ်မှူးများကို လပေါ်သို့ ဆင်းသက်ရန် ရည်ရွယ်ထားရာ အကြိုခရီးစဉ်အဖြစ် လွှတ်တင်ခြင်းဖြစ်သည်။ အိုးရီယင့်အာကာသယာဉ်ကို တင်ဆောင်ထားသော ဒုံးပျံအား ဧပြီ ၁ ရက်တွင် ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစင်တာမှ လွှတ်တင်ခဲ့သည်။

ယခုအာကာသယာဉ်သည် ၁၉၇၂ ခုနှစ်တွင် အပိုလို ၁၇ အာကာသယာဉ် လကမ္ဘာပေါ်သို့ရောက်ရှိခဲ့ပြီးနောက်  လကမ္ဘာပေါ်သို့ လူသားများ  ထပ်မံရောက်ရှိခြင်းဖြစ်သည်။  ၎င်းအာကာသယာဉ် လကမ္ဘာကို ဖြတ်သန်းပျံသန်းစဉ် အာကာသယာဉ်မှူးများက လကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးရမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ