၂၂ ဧပြီ
ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရေး မန်ယူ လက်လွှတ်လိုက်ပြီဖြစ်
မန်ယူအသင်းသည် ရီးရဲမက်ဒရစ်အသင်းမှ အသက် ၂၈ နှစ်အရွယ် ကိုလံဘီယာ ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရေး လက်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ ပြိုင်ဘက်အသင်းများဖြစ်သည့် အာဆင်နယ်နှင့် အဲဗာတန်အသင်းတို့က အဆိုပါ ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
နေမာအား ၂ဝ၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားရန် ချိန်ရွယ်
ပီအက်စ်ဂျီအသင်းသည် အသင်းမှ ဘရာဇီးတိုက်စစ်ကစားသမား နေမာအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန် ချိန်ရွယ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၂၈ နှစ်အရွယ် နေမာသည် ပီအက်စ်ဂျီအသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါက တစ်နှစ်ကို ပေါင် ၃၃ သန်း ရရှိလာဖွယ်ရှိနေကြောင်း စပိန်အခြေစိုက်သတင်းအရင်းအမြစ်များတွင် ဖော်ပြထားသည်။
ပါတေးအား ခေါ်ယူနိုင်ရေး လာကာဇက်ကိုအလိုက်ပေး ကမ်းလှမ်းမည်
အာဆင်နယ်အသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဂါနာကွင်းလယ်ကစားသမား သောမတ်စ်ပါတေး (၂၆နှစ်)အား အသင်းသို့ ခေါ်ယူနိုင်ရန်အတွက် အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အသင်းမှ ပြင်သစ် တိုက်စစ်ကစားသမား လာကာဇက် (၂၈နှစ်)ကို အလိုက်ပေးကမ်းလှမ်းသွား ဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အခြားသတင်းတစ်ရပ်တွင်မူ အာဆင်နယ်အသင်းသည် ဗလင်စီယာအသင်းမှ စပိန်တောင်ပံကစားသမား ရိုဒရီဂိုမိုရီနို (၂၉နှစ်)အား ခေါ်ယူနိုင်ရန် စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ကစားသမားအဝယ်စာရင်းတွင် ဟားဗက်ကို ထည့်သွင်း
မန်ယူအသင်းသည် ၎င်းတို့ဝယ်ယူမည့် ကစားသမားစာရင်းတွင် လေဗာကူဆင်အသင်းမှ ဂျာမနီကွင်းလယ် ကစားသမား ကိုင်ဟားဗက် (၂၀နှစ်)ကို ထည့်သွင်းလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဝေါလ်မစ်သ်အား ခေါ်ယူရန် ချယ်လ်ဆီး စီစဉ်
ချယ်လ်ဆီးအသင်းသည် ဖရိုင်းဘတ်အသင်းမှ ဂျာမနီတိုက်စစ်ကစားသမား လူကာ ဝေါလ်မစ်သ် (၂၃နှစ်) ကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အင်တာမီလန်သို့ ပြောင်းရွှေ့ရန် ဂျီရုဒ် သဘောတူ
ချယ်လ်ဆီးအသင်းမှ ဂျီရုဒ်သည် အင်တာမီလန်အသင်းသို့ပြောင်းရွှေ့ကစားရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီလိုက်ပီဖြစ်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။
နွိုက်စ်ကိန်းအား ခေါ်ယူနိုင်ရေး အဲဗာတန်ကို ကမ်းလှမ်းမည်
အင်တာမီလန်အသင်းသည် အီတလီတိုက်စစ်ကစားသမား မွိုက်စ်ကိန်း (၂၀နှစ်)အား ခေါ်ယူနိုင်ရေးအတွက် ပေါင် ၂၅ သန်းဖြင့် အဲဗာတန်အသင်းကို ကမ်းလှမ်းရန် အဆင်သင့်ရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဂျိုးဟတ်အား ဒါဘီနှင့် ဘတ်ရှီးတပ်စ် ပစ်မှတ်ထားလာ
ဘန်လေဂိုးသမား ဂျိုးဟတ် (၃၃နှစ်)အား ဒါဘီနှင့် ဘတ်ရှီးတပ်စ်အသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထားလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အောင်ဇော်