ရန်ကုန် ၈ စက်တင်ဘာ

စက်တင်ဘာ (၂၁)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ (International Day of Peace)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ ကင်းထောက်လူငယ်များ၊ တက္ကသိုလ် ကင်းထောက်လူငယ်များ၊ Brainworks TOTAL International School မှ ကင်းထောက်လူငယ်များ၊ ကင်းထောက်ငယ် (Cub Scout)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ (၃၀ဝ)ကျော်သည် စက်တင်ဘာ ၇ ရက် နံနက် (၈)နာရီမှ (၁၁)နာရီအထိ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကား ရေဝေရေလဲ ဧရိယာအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းများ ပူးပေါင်းကူညီမှုဖြင့် သစ်ပင် (၅၀ဝ)ကျော် စိုက်ပျိုးကြသည်။ 

 

200

 

ယင်းအစီအစဉ်မှာ ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ် လမ်းညွှန်အကြံပြုထားချက်အရ ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော (Supstailable Developement Goals-SDG) အချက် (၁၃)ချက်ပါ Climate Action  ၏ တစ်စိတ်တစ်ဒေသအဖြစ် “Climate Action for Peace”  ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။  

MDN

 

300