နိုင်ငံတကာ ပလတ်စတစ်ကုန်စည်ပြပွဲ Novotel Hotel Yangon ၌ ကျင်းပမည်

ရန်ကုန် မတ် ၂၈

 

မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံမှ Smart Expos Fairs India Private Ltd., တို့ ပူးပေါင်းကျင်းပမည့် (၆)ကြိမ်မြောက် နိုင်ငံတကာ ပလတ်စတစ်ကုန်စည်ပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel Yangon တွင် မတ် ၂၉ ရက်မှ မတ် ၃၁ ရက် အထိ (၃)ရက်ကြာ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါပြပွဲတွင် ပလတ်စတစ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ စက်ပစ္စည်းကိရိယာများအပြင် ပုံနှိပ်လုပ်ငန်း၊ ထုတ်ပိုးစက်ရုံများအတွက် လိုအပ်သည့်ပစ္စည်းများကို အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ မြန်မာနိုင်ငံများမှ လုပ်ငန်းရှင်များက ပါဝင်ပြသသွားမည်ဖြစ်သည်။

 

ယခုကျင်းပမည့် (၆)ကြိမ်မြောက် နိုင်ငံတကာ ပလတ်စတစ် ကုန်စည်ပြပွဲကြီးသည် ပလတ်စတစ်လုပ်ငန်း စတင်လိုသူများနှင့် လုပ်ငန်းချဲ့ထွင်လိုသူများအတွက် နည်းပညာ၊ ကုန်ကြမ်းနှင့် စက်ပစ္စည်းများတို့ကို လေ့လာကြည့်ရှုနိုင်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

မျိုးမင်းသူရ