ရန်ကုန်  ၂၄  ဇွန် 

 

မြန်မာ ဝိုင်အမ်စီအေ (Myanmar YMCA)၊ Habitat for Humanity International, Asia-Pacific Office နှင့် Sailor's Society တို့ပူးပေါင်းကျင်းပသည့် နိုင်ငံတကာ သင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား (Internatioanl Day of Seafarers) ကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ Summit Park View ဟိုတယ်ခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် မြန်မာဝိုင်အမ်စီအေ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်းက လက်ရှိ ဆောင်ရွက်လျက်ရှိသော သင်္ဘောသားအကျိုးပြု စီမံကိန်းများနှင့် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး Habitat for Humanity International, Asia-Pacific Office Regional Program Associate Director -Ms. Amelia Esterban က Habitat အဖွဲ့အစည်း၏ မြန်မာနိုင်ငံတွင်း ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် Sailor's Society နှင့် ဆောင်ရွက်လျက်ရှိသည့် သင်္ဘောသား အကျိုးပြု စီမံချက်များကို ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် သင်္ဘောသား အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် Htet Oo Institute မှ Capt -တိုးတိုးက Seafarers Day ပေါ်ပေါက်လာပုံကို ရှင်းလင်းပြောကြားကာ Indepentent Federation of Myanmar Seafarers(IFOMS) အဖွဲ့မှ ဦးလူအောင်က သင်္ဘောသားများ၏ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ Power & Passion မှ Co-founder ဒေါက်တာဖြိုးသီဟက ယနေ့ကမ္ဘာနှင့် မြန်မာ့ယဉ်ကျေးမှုတွင် ဖြစ်ပေါ်လျက်ရှိသော ကျား/မ ကွဲပြားခြင်းဆိုင်ရာ Gender Lens နှင့် Gender Equality ကို ယခုနှစ် ကျရောက်သည့် သင်္ဘောသားများနေ့ ဆောင်ပုဒ်အဖြစ် 'I am On Borad wiht Gender Equality' အကြောင်းကို ရှင်းလင်းဟောပြောကာ စီမံကိန်းအပေါ် သင်္ဘောသားတို့၏ မိသားစုများက ၎င်းတို့၏ အမြင် အသီးသီးကို ပြောကြားဆွေးနွေးပြီး စီမံကိန်းမန်နေဂျာ ဒေါ်နွယ်နီလှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

(သတင်းစဉ်)