နိုင်ငံတကာဘောလုံးလောက သတင်းတိုများ

၁၉  မတ်

 

ဆာရီအား နည်းပြအဖြစ်မှ ထုတ်ပယ်သွားဖွယ်ရှိ

 

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်သည် တနင်္ဂနွေနေ့က ချယ်လ်ဆီး အသင်းအနေဖြင့် အဲဗာတန်အသင်းအား နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကို စိတ်ပျက်လျက်ရှိနေပြီး အသင်းနည်းပြ ဆာရီအား များမကြာမီတွင် အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်သွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများတွင် ဖော်ပြထားသည်။

 

အိုဒွိုင်းအား မရောင်းရန် ဆုံးဖြတ်ဖွယ်ရှိ

 

ချယ်လ်ဆီးအသင်းသည် ယခုနှစ်နွေရာသီတွင် အသင်းမှ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ဟာဇက်(၂၈ နှစ်)ကို ရီးရဲမက်ဒရစ်အသင်းသို့ ရောင်းထုတ်ခဲ့ပါက အသင်းမှ အသက် ၁၈ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား အိုဒွိုင်းအား မရောင်းရန်ဆုံးဖြတ်ဖွယ်ရှိကြောင်း သည်ဆန်းတွင် ဖော်ပြထားသည်။

 

လီဗာပူးအသင်း ဘင်ဖီကာအသင်းအား ဆက်သွယ်

 

လီဗာပူးအသင်းသည် ပေါ်တူဂီ ဗဟိုခံစစ်ကစားသမား ဖာရီရာ(၂၁ နှစ်)အား စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူနိုင်ရေးအတွက် ဘင်ဖီကာအသင်းကို ဆက်သွယ်လိုက်ကြောင်း မက်ထရိုတွင် ဖော်ပြထားသည်။

 

အင်တာမီလန်အသင်း အီကာဒီအတွက် ပေါင် ၆၈ သန်း အလိုရှိ

 

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်လက အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက်ပိုင်း စီးရီးအေအသင်းအတွက် ကစားထားခြင်းမရှိသေးသော အာဂျင်တီးနား တိုက်စစ်ကစားသမား အီကာဒီအတွက် ပေါင် ၆၈ သန်း(ယူရိုသန်း ၈၀) အလိုရှိနေသည်ဟု ရီးရဲမက်ဒရစ်အသင်းအား ပြောဆိုလိုက်ကြောင်း အေအက်စ်ဒေါ့ကွန်းတွင် ဖော်ပြထားသည်။

 

အောင်ဇော်