နိုင်ငံတကာဈေးကွက်မှာ စတင်ရောင်းချတဲ့ တန်ဖိုးနည်းဖုန်းမော်ဒယ်သစ် Redmi A1+

 

ရန်ကုန် အောက်တိုဘာ ၁၀

Redmi ဟာ တန်ဖိုးနည်းဖုန်း မော်ဒယ် Redmi A1 ကို စက်တင်ဘာလဆန်းက အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချပြီး စက်တင်ဘာလကုန်ပိုင်းမှာတော့ စွမ်းဆောင်ရည်ပိုင်း အနည်းငယ်ပိုကောင်းတဲ့ Redmi A1+ ကိုပါ ထပ်မံမိတ်ဆက် ရောင်းချထားပါတယ်။ Redmi A1+ ကိုလည်း အိန္ဒိယမှာပဲ စတင်ရောင်းချပြီး မြန်မာနိုင်ငံဈေးကွက်ကို ရောက်လာမယ့် အချိန်ကို အတိအကျ မသိရသေးပါဘူး။ ဒီဖုန်းဟာ Fingerprint Sensor ပါလာတာကလွဲရင် စွမ်းဆောင်ရည်ပိုင်း အတော်များများမှာ Redmi A1 နဲ့ တူညီပါတယ်။ Redmi A1+ ဖုန်းရဲ့ အဓိကကျတဲ့ အချက်အလက် အချို့ကို ဖော်ပြလိုက်ပါတယ်။

 

mdn

 

Redmi A1 တုန်းက စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းဟာ သင့်တော်ပေမယ့် Fingerprint မပါဝင်တာကတော့ အားနည်း ချက်တစ်ခုဖြစ်ခဲ့ပြီး အခု Redmi A1+ ကတော့ ဒီအားနည်းချက်ကိုပါ ပြန်ဖြည့်ဆည်း ပေးလိုက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ Redmi A1 က ကျပ်နှစ်သိန်းကျော်လောက်ပဲကျသင့်ပေမယ့် A1+ က ကျပ် ၂၄၀၀၀၀ ဝန်းကျင် ကျသင့်နိုင်မှာဖြစ်လို့ ဈေးနှုန်း ပိုများလာပါတယ်။

 

ကိုစိုး