ရန်ကုန် မေ ၂၅
IKO (International Karate Organization Myanmar) ကရာတေးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် IKO Kids and Youths Tournament ၂၀၂၅ ကရာတေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပသည်။
"IKO (International Karate Organization Myanmar) ကျင်းပသည့် IKO Kids and Youths Tournament ပြိုင်ပွဲကတော့ ၁၉၉၀ ပြည့်နှစ်မှ စတင်ပြီးတော့ ကျင်းပလာခဲ့တာပါ။ အခုဆိုရင် ၄၁ နှစ် သက်တမ်းရှိပါပြီ။ ဒီလိုမျိုး ကရာတေးပြိုင်ပွဲတွေ လုပ်ခြင်းအားဖြင့် ကလေးတွေကို ခိုင်မာတဲ့ စိတ်ဓာတ် ရရှိစေမှာ ဖြစ်ပါတယ်။ ကလေးတွေကို သင်ပေးတဲ့နေရာမှာလည်း ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အရှုံးမပေးတဲ့ စိတ်ဓာတ်ရရှိစေပါတယ်။ နောက် တစ်ချက် သင်ပေးတာကတော့ စည်းကမ်း ပိုင်းပါ။ စည်းကမ်းဆိုတဲ့နေရာမှာ ကိုယ် စိတ်နှလုံး ကောင်းမွန်ဖို့ပါ။ နောက် စိတ်ရော ကိုယ်ရောနှစ်ပြီး လုပ်တာပါ။ နောက် တစ်ဦးနဲ့ တစ်ဦး လေးစားမှုရှိဖို့ပါ။ ပတ်ဝန်း ကျင်ကို လေးစားဖို့၊ ဥပဒေတွေကိုလေးစား လိုက်နာမယ်။ Focus ရှိဖို့၊ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုပါတယ်။ နောက်ဆုံးက တော့ အရှုံးမပေးတဲ့ ဇွဲရရှိစေမှာဖြစ်ပါ တယ်" ဟု International Karate Organization Myanmar (IKO) ၏ မြန်မာနိုင်ငံ တာဝန်ခံ ဦးမင်းလွင်က ပြော သည်။ ယင်း IKO Kids and Youths Tour-nament ပြိုင်ပွဲတွင် အသက် ၁၈ နှစ် အောက်၊ အသက် ၁၈ နှစ်အထက် ယှဉ်ပြိုင် ကစားကြပြီး ပထမ၊ဒုတိယ၊တတိယဆုရရှိကြသော အားကစားသမားများအား International Karate Organization Myanmar (IKO) တာဝန်ရှိသူများက ဆုတံဆိပ်များ ချီးမြှင့်ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် အတန်း ၁၆ တန်း ပါဝင်ကာ ပြိုင်ပွဲဝင်ဦးရေ ၁၆၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အာကာစိုး