နေပြည်တော် ဧပြီ ၂၁
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အလျင် အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ် လမ်းဖွင့်ပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူများထံ နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှ စတင်၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။
မတ် ၃၀ ရက်မှ ဧပြီ ၂၀ ရက် အထိ ငလျင်ဘေးသင့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံ AHA Center ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ လာအိုနိုင်ငံ၊ Singapore Red Cross Society၊ နီပေါနိုင်ငံ၊ UAE နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် မလေး ရှားနိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများသို့ အချိန်မဆိုင်းဘဲ ဆက်လက်ဖြန့်ခွဲ ဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံတကာက ကူညီထောက်ပံ့သည့် ပစ္စည်းများ မှာ မိုးကာတဲ၊ တာပေါ်လင်၊ Hygiene Kit ၊ Kitchen Set၊ မီးစက်၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးကုန် ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းတို့ဖြစ်သည်။
ပစ္စည်းများကို ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အစီအစဉ် ဖြင့်လည်းကောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ မော်တော် ယာဉ် ၅၂ စီးဖြင့်ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများနှင့် မန္တလေး(တံတားဦး) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည့် ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၂၃ စီးဖြင့် ပေးပို့ထားသည့် လှူဒါန်း ပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ မော်တော်ယာဉ်ခုနစ်စီးဖြင့် ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ဆောင် ရွက်လျက်ရှိသည်။ လှူဒါန်းရရှိသည့် ပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ ဒဏ်ရာရရှိသည့် ပြည်သူများအား ကုသရာတွင် အသုံးပြုသည်။
နိုင်ငံတကာ အလှူရှင်များ၏ လှူဒါန်းပစ္စည်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့လျက်ရှိသည်။
နိုင်ငံတကာအလှူရှင်များက ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့် ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို တစ်ပတ်လျှင်တစ်ကြိမ် ဆက်လက်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်