မနီလာ ဇန်နဝါရီ ၁၂

 

ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ဇန်နဝါရီ ၁၁ ရက်က သုံးသန်းကျော်လာမှုနှင့်အတူ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး မှတ်တိုင်တစ်ခုကို ကျော်ဖြတ်ခဲ့သည်။

 

နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၀၀၇ ဦးရှိကြောင်း ကျန်းမာရေးဌာနက ဖော်ပြခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၃၀၂၆၄၇၃ ဦး ရှိခဲ့သည်။

 

ထို့ပြင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၁၉ ဦးရှိခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန် ခဲ့သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၅၂၅၁၁ ဦး ရှိလာခဲ့သည်။ နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ ၁၈၁၀၁၆ ဦး ရှိလာသောကြောင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၄၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံ၏ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ဇန်နဝါရီ ၁၀ ရက်က အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၃၃၁၆၉ ဦးရှိခဲ့သည်။ အားလပ်ရက်ရာသီတွင် ကျန်းမာရေးဆိုင်ရာနည်းလမ်းများကို လိုက်နာရန် အားနည်းခဲ့ပြီး လူမှုရေး ဆောင်ရွက်ချက်များ အမြင့်ဆုံးဖြစ်ခဲ့သောကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာသည့်အပေါ် ဒေသဆိုင်ရာအာဏာပိုင်များက ပြစ်တင်ဝေဖန်လျက် ရှိသည်။

 

ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကိုဒုက ဖိလစ်ပိုင် သမ္မတ ရိုဒရီကို ဒူတာတေးနှင့် တွေ့ဆုံမှုတွင် နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ အခြေအနေမှာ ယခုအခါတွင် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ။

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံတွင်းရှိ ကိုဗစ်-၁၉ အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် နိုင်ငံတွင်းရှိ ကိုဗစ်-၁၉ အခြေအနေသည် ယခုအခါတွင် စိုးရိမ်ဖွယ် သတိပေးမှုတစ်ခု ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆင်ဟွာ