နေပြည်တော် ဇွန် ၂၂

 

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့က ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဦးလှမော်နှင့် ဆရာ ဆရာမများက နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ ဒူးနာ၊ ခါးနာ၊ အာရုံကြောရောဂါများ၊ အဆစ်ရောင်၊ လေးဖက်နာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ အကြောတက်၊ ကိုက်ခဲ၊ လေဖြတ်၊ လေငန်းရောဂါ၊ ထုံနာ၊ ကျဉ်နာစသည့်ရောဂါများကို အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)