ရန်ကုန် ဩဂုတ် ၇ 

 

အလယ်အလတ်အဆင့် အရာထမ်း သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ Online Learning Systemဖြင့် ကျင်းပသည်။ 

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 

 

အလယ်အလတ်အဆင့် အရာထမ်း သင်တန်းအမှတ်စဉ်(၁၀)သို့ သင်တန်းသား (၄၃)ဦး၊ သင်တန်းသူ (၅၀)ဦး၊ စုစုပေါင်း(၉၃)ဦး တက်ရောက်လျက်ရှိပြီး ဩဂုတ် ၇ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၄ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ In-House Learning ဖြင့်လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်