ရန်ကုန်၊ အောက်တိုဘာ ၁၇
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် ကျင်းပရာ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့် မိန့်ခွန်းပြောကြားပြီး ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနအကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ် (၁၂၃)သို့ သင်တန်းသား (၂၀၈) ဦး၊ သင်တန်း သူ (၃၂၃) ဦး၊ စုစုပေါင်း (၅၃၁) ဦးတက်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁၇ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ In-House Learning ဖြင့် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်