ရန်ကုန်    ဩဂုတ်    ၁၈

 

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်း၌ ယနေ့ နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်သည်။

 

ဦးစွာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ်ကို အလေးပြုကြသည်။

 

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားအမှတ်-၄၇၁ ဦးကောင်းထက်၊ စာရေးဝန်ထမ်းအဆင့်(၁)၊ လှည်းကူးမြို့နယ် တရားရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို သင်တန်းသားစံ ပြဆုကိုလည်းကောင်း၊ သင်တန်းသူအမှတ်-၁၈၄ ဒေါ်သင်းနန္ဒာဆွေ၊ အငယ်တန်းစာရေး၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကို သင်တန်းသူစံပြ ဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

 

ယင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြား စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၂၀၀)၊ သင်တန်းသူ(၂၈၉)ဦး စုစုပေါင်း (၄၈၉)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇွန် ၁၂ရက်မှ ဩဂုတ် ၁၈ ရက်အထိ ရက်သတ္တ(၁၀)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)