နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၅) နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၈) တို့၏ သင်တန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန်၊ ဇွန်  ၂၇  

 

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် () နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် () တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအကြီးမှူးများ၊ တက္ကသိုလ် သင်ကြားရေး/ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ/ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က ဝန်ကြီးဌာန အဖွဲ့အစည်း အသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းမှာ အဓိက တာဝန်ထမ်းဆောင်လျက်ရှိပြီး အနာဂတ်တွင် နိုင်ငံတော်၏ ကြီးမားသည့် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ဒုတိယအကြီးအမှူးများနှင့် အဆင့်မြင့် အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေပြီး မိမိတို့တာဝန်ယူရသည့် ဝန်ထမ်းအဖွဲ့အစည်း၌ ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

 

ပြည်ထောင်စုရာထူးဝန် အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်ပေးရာမှာ သမိုင်းကြောင်း အတွေ့အကြုံပေါ် မူတည်ပြီး “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စိန်ခေါ်မှု အမျိုးမျိုးကြားမှ  လေ့ကျင့်သင်ကြားပေးလျက်ရှိရာ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် မိမိတို့နိုင်ငံ၏ အခြေအနေများကို မျက်ခြည်မပြတ် အမြဲလေ့လာနေမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် သယ်ပိုး ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း။

 

နိုင်ငံ့ဝန်ထမ်းများ ကျင့်ဝတ်သိက္ခာနဲ့ သမာသမတ်ရှိပြီး အရည်အသွေး ပြည့်ဝသည့် စီမံခန့်ခွဲမှုများရှိမှသာ ပြည်သူများ၏ လိုအပ်ချက်ကို ဘက်လိုက်ခြင်းကင်းစွာ တန်းတူညီမျှ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်မည့် သန့်ရှင်းသည့် အစိုးရ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် () သို့ သင်တန်းသား (၈) ဦး၊ သင်တန်းသူ (၁၂) ဦး၊ စုစုပေါင်း (၂၀) ဦးနှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် () သို့ သင်တန်းသား (၂၃) ဦး၊ သင်တန်းသူ (၂၄) ဦး၊ စုစုပေါင်း (၄၇) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၂ ရက်မှ ဩဂုတ် ရက်အထိ ရက်သတ္တ () ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်