နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)  ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၅)၊ အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၇)၊ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်အခမ်းအနားများ ကျင်းပ

 

 

နေပြည်တော်        မေ       ၇

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်း အမှတ်စဉ်(၁၅) အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၇)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ယင်းတက္ကသိုလ်၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဉီးမြင့်ဆွေ၊ နိုင်ငံ့ဝန် ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင် ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဉီးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အဆင့်မြင့်အရာရှိကြီးများ အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားအတွင်း သိရှိနားလည်ထားသင့်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ မိမိတာဝန်ယူရသော စီမံခန့်ခွဲမှုအုပ်ချုပ်ရေး ကဏ္ဍတို့တွင် ဉီးဆောင်နိုင်မှု စွမ်းရည်မြင့်မားလာစေရန် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဉီးထိန်ပန်ဆင်ကာ နိုင်ငံတော်၏ အဆင့်မြင့်တာဝန်များကို အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ် ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရေးအတွက် ပျိုးထောင်လေ့ကျင့်ပေးရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရသည် ရှေ့လုပ်ငန်းစဉ်()ရပ်၊ ဦးတည်ချက်()ရပ်တို့ဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အရေးကြီး သည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတော်လုံခြု ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ချိန်ဖြစ်သည့်အတွက် မိမိတို့ တတ်စွမ်းသည့်ဘက်မှ အားဖြည့်လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၅)သို့ သင်တန်းသား(၁၆)ဦး၊ သင်တန်းသူ()ဦး၊ စုစုပေါင်း (၂၃)ဦးနှင့် အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ်(၁၇)သို့ သင်တန်းသား(၂၀)၊ သင်တန်းသူ(၁၈)ဦး၊ စုစုပေါင်း(၃၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ဇွန်  ၂၈ ရက်အထိ ရက်သတ္တ(၈)ပတ် ကြာမြင့်မည်ဖြစ်သည်။

 

ထို့ပြင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၇)၏ သင်တန်းဖွင့်ပွဲအခမ်း အနားကိုကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ယခုဖွင့်လှစ်သော သင်တန်းသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော  ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထား ပိုမိုကောင်းမွန် လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိထားရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို နားလည်ကျွမ်းကျင်စေရန်၊ ပြည်တွင်း/ ပြည်ပ နိုင်ငံရေး၊  စီးပွားရေးနှင့် လူမှုရေးအခြေအနေနှင့် ကောင်းမွန်သော အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု သဘောတရား များကို သိရှိစေရန်၊ ပြည်သူလူထုအား ထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှု သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိသော အတွေ့အကြုံများကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အတွက် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် အကျိုးရှိစွာ အသုံးချစေလိုပါကြောင်း၊ ကျရာအခန်းကဏ္ဍမှ  အဂတိတရားကင်း ရှင်းပြီး စိတ်ကောင်းစေတနာကောင်းဖြင့် ဝန်ဆောင်မှုပေးကြရန် တိုက်တွန်းမှာကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား(၁၃၄)ဦး၊ သင်တန်းသူ (၁၁၃)ဦး၊ စုစုပေါင်း (၂၄၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ဇူလိုင် ၁၂ ရက်ထိ ရက်သတ္တ (၁၀)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)