ဇီးပင်ကြီး ဇူလိုင် ၂၄

 

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၅)၊ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၆)နှင့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၂) ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။ 

 

သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံပညာ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 

 

သင်တန်းဖွင့်ပွဲအခမ်းအနားများတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

 

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၅)သို့ ဝန်ကြီးဌာနများမှ သင်တန်းသား(၂၈)ဦး၊ သင်တန်းသူ(၁၄)ဦး၊ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၄ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ရက်သတ္တ(၈)ပတ် ကြာမြင့်မည်ဖြစ်သည်။

 

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသား(၁၂၅)ဦး၊ သင်တန်းသူ(၁၂၄)ဦး၊ စုစုပေါင်း (၂၄၉) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၀) ပတ် ကြာမြင့်မည်ဖြစ်သည်။

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၂)သို့ သင်တန်းသား(၈၇)ဦး၊ သင်တန်းသူ(၃၇၄)ဦး၊ စုစုပေါင်း (၄၆၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၅)ပတ် ကြာမြင့်မည်ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ၏ သင်ခန်းစာပို့ချနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်