ရန်ကုန်  မတ်  ၁၅

 

အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၁၉)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃ ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့  ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ တက္ကသိုလ် သင်ကြားရေး/ စီမံဌာနများမှ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိက ဆရာ၊ ဆရာမ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းသားစံပြဆုနှင့် သင်တန်းသူ စံပြဆုရရှိသူတို့ကို ဆုများချီးမြှင့်ပေးအပ်သည်။

 

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့် သည်။

 

အရာထမ်း အခြေခံသင်တန်းအမှတ်စဉ်(၂၁၉)သို့ သင်တန်းသား(၈၈)ဦး၊ သင်တန်းသူ(၉၇)ဦး၊ စုစုပေါင်း (၁၈၅)ဦး တက်ရောက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်စက်တင်ဘာ ၂၅  ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၁၅ ရက်အထိ In-House Learning ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)