ရန်ကုန်၊ ဩဂုတ် ၂၁

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်သည်။

 

သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုကြပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးကျော်ထွေးအား အလေးပြုကြသည်။

 

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၁၄၃၊ ဦးစိုးခိုင်၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၂၇၊ ဒေါက်တာထိပ်တင်ချိုညွန့်၊ လက်ထောက်ကထိက၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ကို ပေးအပ်ပြီး သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။          

 

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၉၁)ဦး သင်တန်းသူ (၉၅)ဦး စုစုပေါင်း (၁၈၆)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ မေ ၂၇ ရက်မှ ဩဂုတ် ၂၁ ရက်အထိ ရက်သတ္တ(၁၀)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်