ရန်ကုန် အောက်တိုဘာ  ၂၈   

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ် ခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုခဲ့ပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးဇော်ဇော် ကို အလေးပြုခဲ့ကြသည်။

 

ယင်းနောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသား ဦးကျော်သူရဝင်း၊ အလုပ်သင် ဒု-အကောက်ခွန်မှူး၊ အကောက်ခွန်ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူ ဒေါ်စိုးစိုးလှိုင်၊ အကောက်ခွန်မှူး၊ အကောက်ခွန်ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုလည်းကောင်း ချီးမြှင့်သည်။ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်ခဲ့ပြီး ဆက်လက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ တာဝန်ရှိ သူများနှင့် သင်တန်းသား (၂၅၁)ဦး၊ သင်တန်းသူ (၃၄၆)ဦး၊ စုစုပေါင်း (၅၉၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၄ ရက်မှ စက်တင်ဘာ၂၃ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊အောက်တိုဘာ ၃ ရက်မှ ၂၈ ရက်အထိ In-House Learning ဖြင့် လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)