ရန်ကုန်၊ အောက်တိုဘာ  ၃  

 

စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၉၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၉၀)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၅၉)ဦး၊ သင်တန်းသူ(၁၄၅)ဦး စုစုပေါင်း(၂၀၄)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ရက်သတ္တ(၁၀)ပတ်ကြာ တက်ရောက်ရမည်ဖြစ်သည်။

 

အလားတူ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အောက်တိုဘာ ၃ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်အထိ Hybrid System ဖြင့် ဖွင့်လှစ်မည့် အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၂၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Online System ဖြင့်ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော် တက်ရောက်၍  သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

 

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၆)သို့ တက်ရောက်ကြမည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးအရာရှိအဆင့်ရှိ သင်တန်းသား(၂၀၈)ဦး၊ သင်တန်းသူ (၂၄၅)ဦး၊ စုစုပေါင်း (၄၅၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၂၅)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်