ရန်ကုန်၊ ဇူလိုင် ၈

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်းတွင် ယနေ့ နံနက် ၇ နာရီခွဲ ၌ စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ် (၈၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပရာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ် ဦးဇော်ဇော် ကို ချီတက်အလေးပြုကြသည်။

 

ယင်းနောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသား ဦးဇာဏီဖြိုး၊ ဌာနခွဲစာရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူ ဒေါ်အိအိဖြိုး၊ ဌာနခွဲစာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနကို လည်းကောင်း ချီးမြှင့်ပြီး သင်တန်းသား/ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ဆက်လက်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း အမှာစကား ပြောကြားသည်။

 

သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး /ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိကများ၊ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ လက်ထောက်ကထိကများ၊ ဌာနစုမှူးများ၊ နည်းပြဆရာများနှင့် သင်တန်းသား (၅၈) ဦး၊ သင်တန်းသူ (၁၉၄) ဦး စုစုပေါင်း (၂၅၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၅ ရက်မှ ဇူလိုင် ၇ ရက်ထိ ရက်သတ္တ (၁၀) ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)