ရန်ကုန် အောက်တိုဘာ ၂၁
နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၄) သင်တန်းဆင်းပွဲ ကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက စစ်ရေးပြကွင်း၌ ကျင်းပရာ ဦးစွာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုကြပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးဇော်ဇော်အား အလေးပြုကြသည်။
ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးကျော်မိုးလှိုင်၊ ဒုတိယရဲမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်းကောင်း၊ သင်တန်းသူ စံပြဆုကို ဒေါ်ဥမ္မာအေး၊ ဦးစီးအရာရှိ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကို လည်းကောင်း ချီးမြှင့်သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၆၂ ဦး၊ သင်တန်းသူ ၂၀၁ ဦး စုစုပေါင်း ၃၆၃ ဦး တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေ ၂ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ In-House Learning ဖြင့်လည်းကောင်း သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်