နေပြည်တော် ၁၀ နိုဝင်ဘာ
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန် လိုက်ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် -
မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးမှ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေ ပါလီမန်ရွေးကောက်ပွဲကို လွတ်လပ်စွာ၊ တရားမျှတစွာ၊ ငြိမ်းချမ်းစွာဖြင့် ကျင်းပနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
အဆိုပါရွေးကောက်ပွဲတွင် မြန်မာလူမျိုးများသည် တက်တက်ကြွကြွ ပါဝင်ခြင်းအားဖြင့် ဒီမိုကရေစီနှင့် နိုင်ငံ တိုးတက်မှုအပေါ် သူတို့၏ ခိုင်မာသောကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးအနေဖြင့်လည်း ဖော်ရွေဖွယ်ကောင်းလှသော မြန်မာပြည်သူပြည်သားများနှင့်အတူ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူမိပါသည်ဟူ၍ ဖော်ပြထားသည်။
သတင်းစဉ်


