ရန်ကုန်  ဒီဇင်ဘာ ၁၃

 

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်နေ့အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် မီးလောင်မှု ၁၃၃ ကြိမ်ဖြစ်ပွားပြီး ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၇၆၁၉၄၀၃၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည် ။

 

မီးလောင်မှုဖြစ်ပွားရာတွင် မီးဖိုမီး ၈ ကြိမ် ၊ ပေါ့ဆမီး ၃၇ ကြိမ် ၊ အလိုအလျောက်မီး ၂ ကြိမ် ၊လျှပ်စစ်မီး ၃၅ ကြိမ် ၊ မသမာသူရှို့မီး ၄၁ ကြိမ် ၊ သောင်းကျန်းသူရှို့မီး ၁၀ ကြိမ် ဖြစ်ပွားခဲ့သည် ။

 

ဆုံးရှုံးမှုများအနေဖြင့် အိမ်ခြေ အဆောက်အဦ ၄၅၉ လုံး ၊ စက်ရုံအလုပ်ရုံ ၄ ရုံ ၊ ဂိုဒေါင် ၂ လုံးတို့ဖြစ်ပြီး သေဆုံးသူလူ ၉ ဦး ၊ ဒဏ်ရာရသူ ၇ ဦးနှင့်မီးဘေးဒုက္ခသည် ၁၀၈ ဦးရှိကြောင်း သိရသည် ။

 

မျိုမင်းသူရ