နက်ပကျွန်းနဲ့ ယူရေးနပ်စ်ဂြိုဟ်တို့ အရောင်ကွဲပြားမှုနဲ့ပတ်သက်ပြီး ရှာဖွေမှုအသစ်တွေ့ရှိ

နက်ပကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့ဟာ များသောအားဖြင့် တူညီကြပါတယ်။ ၎င်းတို့မှာ တူညီတဲ့ ဒြပ်ထု၊ အရွယ်အစားနဲ့ လေထုအဖွဲ့အစည်းတို့ ရှိတယ် ဆိုပေမယ့် ပုံပန်းအသွင်အပြင်က သိသိသာသာ ကွဲပြားနေတယ်လို့ ဆိုပါတယ်။

 

နက်ပကျွန်းဂြိုဟ်မှာ သိသာထင်ရှားတဲ့ အပြာရောင်ရှိပြီး ယူရေးနပ်စ်ဂြိုဟ်မှာတော့ စိမ်းပြာရောင်ဖျော့ဖျော့ ရှိတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ နက္ခတ္တဗေဒပညာရှင်များက အဆိုပါဂြိုဟ်နှစ်လုံးဟာ ဘာကြောင့်အရောင် ကွဲပြားနေရတာလဲဆိုတာနဲ့ ပတ်သက်ပြီး သုတေသနပြု ရှင်းလင်းချက်တစ်ခု ရှိကြောင်း ပြောပါတယ်။

 

ဂြိုဟ်နှစ်လုံးမှာ စုစည်းထားတဲ့ မြူမှုန်အလွှာတစ်ခုရှိပြီး ယူရေးနပ်စ်ဂြိုဟ်ပေါ်မှာ နက်ပကျွန်းဂြိုဟ်ပေါ်ရှိတဲ့ တူညီတဲ့အလွှာထက် ပိုထူကြောင်း၊ ဒါ့အပြင် ယူရေးနပ်စ်ဂြိုဟ်ရဲ့ ပုံပန်းသွင်ပြင်က နက်ပကျွန်းဂြိုဟ်ရဲ့ ပုံပန်း သွင်ပြင်ထက် ပိုဖြူတယ်လို့ သုတေသနပြုမှုအသစ်မှာ ဖော်ပြထားပါတယ်။

 

အောက်စဖို့ဒ်တက္ကသိုလ် ဂြိုဟ်ဆိုင်ရာ ရူပဗေဒဌာနမှ ပါမောက္ခ ပက်ထရစ်အီဝင် ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့ရဲ့ ကောက်ချက်အရ နက်ပကျွန်းဂြိုဟ်နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့ရဲ့ လေထုထဲမှာ မြူမှုန်သာရှိမနေခဲ့ဘူးဆိုရင် အဆိုပါ ဂြိုဟ်နှစ်လုံးဟာ တူညီတဲ့အပြာရောင်သာ ပေါ်ထွက်လာနိုင်တယ်လို့ သိရပါတယ်။

 

နက်ပကျွန်းဂြိုဟ်တွင် အခါအားလျော်စွာ အမည်းစက်များကို မြင်တွေ့ရနိုင်သော်လည်း ယူရေးနပ်စ်ဂြိုဟ်၌ အများအားဖြင့် တွေ့ရလေ့မရှိကြောင်း သိရသည်။ နက္ခတ္တဗေဒပညာရှင်များသည် အဆိုပါ ဂြိုဟ်နှစ်လုံး၏ လေထု ထဲတွင် အမည်းစက်များရှိနေသည်ကို သိရှိထားပြီးဖြစ်သော်လည်း မည်သည့်လေထုအလွှာကြောင့် အမည်းစက်များ ဖြစ်ပေါ်ခြင်းကို မသိရှိခဲ့ပေ။

 

ကိုးကား - www.scitechdaily.com

ကောင်းထက်